.
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ
စုပေါင်းရုံးတွင် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.မြစ်ကြီးနားမြို့၊
ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင်ခန်းမအနီးတွင် အောက်တိုဘာ
၃၀ ရက်၊ ညနေ ၆ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကချင်ပြည်နယ်
ရဲတပ်ဖွဲ့မှူးရုံးနှင့် ကပ်လျက်ရှိသည့် မြစ်ကြီးနားမြို့နယ်ထွေအုပ်ရုံးကို
ကြိုတင်ချိန်ကိုက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း
မြို့ပြတော်လှန်ရေး PDF တပ်ဖွဲ့ဝင်အချို့က
ပြောဆိုထားသည်။
.
ထို့အတူ အောက်တိုဘာလ
၂၇ ရက်ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းနှစ်ခြင်းဘုရားကျောင်းအနီး ဆွမ်ပရာဘွမ် လမ်းမပေါ်ရှိ
UMG Myitkyina Branch ဘတ်ဟိုးရောင်းဝယ်ရေးကုမ္ပဏီဝင်းအတွင်း
ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.