ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၅၈၆ ရက်မြောက် အဖြစ် ဆက်လက် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၅၈၆ ရက်မြောက် အဖြစ် ဆက်လက် ဆန္ဒပြ



စစ်ကိုင်းတိုင်း၊ ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

သပိတ်စစ်ကြောင်းသည် " ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုသာ အလေးအမြတ်ပြုကြ" စာတန်းကို ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒ ပြခဲ့ခြင်း ဖြစ်သည်။

.

ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နေ့စဉ် ဆန္ဒပြလျက်ရှိရာ ယခု ဆန္ဒပြမှုမှာ ၅၈၆ ရက်မြောက် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats