https://youtu.be/sYrkuyxrtGg
.
ချင်းတွင်းမြစ် အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်သင်္ဘော အပါအဝင် စစ်ကောင်စီ ထောက်ပို့သင်္ဘော ၁၃ စီးကို အောက်တိုဘာလ ၃ ရက် ညနေပိုင်းတွင် ဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံး၊ ပျက်စီးမှုများ ရှိကြောင်း သိရသည်။
.
အဆိုပါ စစ်ကောင်စီ သင်္ဘောများသည် မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်လာခြင်း ဖြစ်ပြီး ကနီမြို့နယ်၊ ကမ်းပြိုအရောက်တွင် KLG PDF (ကျောက်လုံးကြီး)၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နှင့် ယင်းမာပင် ကနီ မဟာမိတ်ညီနောင်များအဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရခြင်း ဖြစ်သည်။
.
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး စနိုက်ဘာကျည် ထိမှန် သေဆုံး၍ ထောက်ပို့သင်္ဘော ၁ စီး မီးလောင်ခဲ့ကြောင်းနှင့် KLG PDF မှ ရဲဘော် ၁ ဦး ကျည်ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ က ထုတ်ပြန်သည်။