အလောင်းတော်ကဿပမှ ဆင်ဦးစီးနှင့် ဆင်များ တော်လှန်ရေးတွင် ပါဝင်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလောင်းတော်ကဿပမှ ဆင်ဦးစီးနှင့် ဆင်များ တော်လှန်ရေးတွင် ပါဝင်နေ

.

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပဘုရားဖူးလုပ်ငန်းမှ ဆင်ဦးစီးများနှင့် ဆင်များသည် ယင်းမာပင် PDF နှင့် ပူးပေါင်းပြီး တော်လှန်ရေးတွင် တစ်ဘက်တစ်လမ်းမှ ပါဝင်နေကြောင်း သိရသည်။

.


.

စစ်ကောင်စီ အာဏာသိမ်းပြီးစက ဆင်ဦးစီးများအား CDM မလုပ်ရန် စစ်ကောင်စီတပ်က လာရောက်စည်းရုံးရာတွင် ဆင်ဦးစီးများက လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သည့်အတွက် စစ်ကောင်စီတပ်က သေနတ်များကို သိမ်းသွားခဲ့ပြီး နောက် ဆင်ဦးစီးများနှင့် ဆင်များ ယင်းမာပင် တပ်ရင်း (၁) နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းမာပင် PDF တာဝန်ခံ ဗိုလ်သံမဏိက ပြောဆိုထားသည်။

.

ယင်းမာပင် PDF တပ်ရင်း () အောက်၌ ဆင်ကြီး ၃၅ ကောင်နှင့် ဆင်ပေါက် ၂ ကောင် ရှိပြီး အချို့ဆင်များသည် တော်လှန်ရေးအတွင်း တက်တလမ်းမှ ပါဝင်နေကြောင်း သိရှိရသည်။

.

ဆင်ဦးစီးများက ယင်းမာပင် PDF နှင့် လက်တွဲ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိပြီး ဆင်များကို ပစ္စည်း သယ်ယူရေးအတွက် အသုံးပြုလျက်ရှိကြောင်းနှင့် ၎င်းတို့ကို CDM ထောက်ပံ့ကြေး တစ်နှစ်ကျော် ပေးအပ်နိုင်ခဲ့ သော်လည်း ယခုအခါ ထောက်ပံ့ကြေးမပေးနိုင်သည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဆင်ဦးစီးများနှင့် ဆင်များသည် လုံခြုံသည့်နေရာတွင် ရှိနေကြောင်း သိရသည်။

.

Journal Download

Photo of three cats