.
ဆိုမာလီနိုင်ငံ၊ မြို့တော်
မိုဂါဒစ်ရှူးတွင် အောက်တိုဘာလ ၂၉ ရက်က ကားဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ
၁၀၀ ကျော် သေဆုံးကာ ၃၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.ပေါက်ကွဲမှုမှာ မိုဂါဒစ်ရှူးမြို့တော်၏
လူစည်ကားရာ ဈေးလမ်းဆုံနှင့် ကပ်လျက် ပညာရေးဝန်ကြီးဌာနတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး
သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း သမ္မတ Hassan Sheikh Mohamud
က သတိပေးထားသည်။
.
အောက်တိုဘာလ ၂၉
ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က ပညာရေးဝန်ကြီးဌာနတွင် ကားဗုံးပေါက်ကွဲမှု
တစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်
သေဆုံးဒဏ်ရာရသူများကိုကူညီရန် အရေးပေါ်ကားများ ရောက်ရှိလာပြီး လူအများ
စုဝေးရှိနေစဉ် ဒုတိယ ကားဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
.
ပညာရေးဝန်ကြီးဌာနကို
ပစ်မှတ်ထားတိုက်ခိုက်မှုတွင် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ဖော် ပြောဆိုခြင်း
မရှိသေးသော်လည်း အယ်လ်ရှာဘက်စစ်သွေးကြွအုပ်စု၏ လက်ချက်ဖြစ်ကြောင်း ဆိုမာလီအာဏာပိုင်
များက ပြောဆိုထားသည်။
.
ဂျီဟတ်ဝါဒီများကို
အားပေးထောက်ခံသည့် Somali Memo ဝက်ဘ်ဆိုက်ကမူ ကားဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု အယ်လ်ရှာဘက်အဖွဲ့က
ပြောကြောင်း ဖော်ပြထားသည်။
.