စစ်ကောင်စီတပ် စစ်သင်္ဘောများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ် စစ်သင်္ဘောများ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး

.

ကချင်ပြည်နယ်၊ ရွှေ့ကူမြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ယနေ့ အောက်တိုဘာလ ၂၃ ရက်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကသာ မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားသည်။

.

.

ရွှေကူမြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောများအား လုံခြုံရေးယူပေးသည့် စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆင်ကုန်တိုင်ကျေးရွာအနီး အရောက်တွင် ဝေဟင်မှပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်၏ လက်နက်ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မနှင်းအိလွင်မှာ ယာဘက်ရင်ဘတ်နှင့် ဒူးခေါင်းတွင် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ပြီး မဇင်မာဦးတွင် ဝဲနားရွက် လက်နက်ကျည်စ ထိမှန်ခဲ့ကာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည့်အပြင် နွားလှည်းနှင့် နေအိမ်များကို ပေါက်ကွဲကျည်စများ ထိမှန်ခဲ့ကြောင်း သိရသည်။

.

မြစ်ဘေးနေပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရေယာဉ်များ အစုန်၊ အဆန်လုပ်ချိန်တွင် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဘေးကင်းစေရေး ဂရုပြုနေထိုင်ရန် ကသာမြို့နယ် ပကဖ က သတိပေး ထားသည်။

.

[ Photo - ကသာ ပကဖ ]

.

Journal Download

Photo of three cats