မီးပိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရန်အတွက် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မသပိတ်တို့ ပူးပေါင်းကာ ဆားလင်းကြီးမြို့ရှိ အထင်ကရစျေး ၃ ခု၌ ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် လိုက်လံ ဆော်သြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပြည်သူလူထု တရပ်လုံး၊ တနိုင်ငံလုံး ပါဝင်ဆင်နွှဲနိုင်မည့် "လူထုတိုက်ပွဲ လှုပ်ရှားမှု" တရပ် အဖြစ် ပုံဖော်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
.
ဖားကန့်၊ အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရခြင်း စစ်ရာဇဝတ်မှုမှ ကျဆုံး၊ ထိခိုက် ဒဏ်ရာရသူများ အပါအဝင် နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးအဆက်ဆက်တွင် ကျဆုံးရသူများအတွက် ဝမ်းနည်းကြေကွဲခြင်း၊ ဂုဏ်ပြုဦးညွှတ်ခြင်းအားဖြင့် ပြည်သူအားလုံးက "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု" ဆင်နွှဲကြရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ "မီးပိတ်သပိတ် လူထုလှုပ်ရှားမှု"ကို အောက်တိုဘာလ ၂၈ ရက်၊ ည ၈ နာရီခွဲမှ ၈ နာရီ ၄၀ မိနစ်ထိ ၁၀ မိနစ်ကြာ သက်ဆိုင်ရာ အိမ်များ၊ လမ်းများ၊ အဆောက်အဦများရှိ လျှပ်စစ်မီးအပါအဝင် မီး အားလုံးကို ပိတ်၊ အမှောင်ချ ပြုလုပ်ပြီး ပါဝင်ကြရမည် ဖြစ်ကြောင်း သိရသည်။