.
မိုင်းပျဉ်းမြို့၊
မြို့မဈေးတွင် ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး
ခြေထောက် ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
.မိုင်းပျဉ်းမြို့၊
ပိန်းဆန်းရပ်ကွက်၊ မြို့မဈေး၊ ပျံကျအပြင်တန်းတွင် ဈေးသည်တစ်ဦးမှ ဈေးခင်းရန်
သော့ဖွင့်စဉ် မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ယာဘက်ခြေထောက် ပြတ်သွားခဲ့ခြင်းဖြစ်ကြောင်း
ဒေသခံများက ပြောသည်။
.
အဆိုပါ ခြေထောက်ပြတ်ရှ
ဒဏ်ရာရရှိသူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးကို မိုင်းပျဉ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း
သိရသည်။
.
လက်ရှိတွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရှိရသေးချေ။
.