ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်

.

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှီ ကျေးရွာတစ်ခုတွင် ယနေ့ အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

ထိုသို့ ဆန္ဒပြရာတွင် “စစ်ခွေးထွက်ပေါက်များ ပြည်သူ့အားနဲ့ ပိတ်ဆို့ကြ”၊ “ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်း” စာသားပါ ဘန်နာများ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

.

ထို့အပြင် သပိတ်ဦးဆောင်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး တရားများ ဟောကြားခဲ့ပြီး ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ထို့နောက် ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ ကျောင်းသား မိဘပြည်သူများကို ဦးညွတ်အလေးပြုပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်း သိရသည်။

.

Journal Download

Photo of three cats