ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

.

ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာအထက်ရှိ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နယ်မြေ အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်၊ နေ့လယ်ပိုင်း တွင် ပြည်ခရိုင် တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၂) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

အင်အား ၆၀ ခန့်ပါ အဆိုပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် နတ်တလင်းတွင် စစ်ကြောင်းထိုးပြီး ပေါင်းတည် သိမ်ကုန်းကျေးရွာ တာဝါတိုင်၊ ထိုမှတစ်ဆင့် လဲပင်ကျေးရွာသို့ ချီတက်လာပြီး လဲပင်ရွာမှ ပြန်အထွက်တွင် ဖျက်အားပြင်း မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆက်သွယ်ရေးနှင့် သတင်းတာဝန်ခံတစ်ဦးက ပြောဆိုထားသည်။

.

စစ်ကောင်စီတပ်မှ တိုက်ခိုက်ခံရသည့်အတွက် လက်နက်ကြီးများ၊ ၄၀ မမများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါ နေရာအနီးရှိ စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေးရွာသားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats