မုံရွာမြို့နယ်၊ မြေနဲကျေးရွာ အနီး၊ မုံရွာ - မန္တလေးလမ်း၌ ယနေ့ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကား တစ်စီးက ဆိုင်ကယ် တစ်စီးကို တိုက်ပြီးထွက်ပြေးသွားကြောင်း သိရသည်။
.
" အတိုက်ခံရတဲ့ လူ ၂ ယောက်ဟာလည်း နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။ တာဝန်ယူမှုမရှိဘဲ ထွက်ပြေးသွားတဲ့ ကားဟာ မန်း (မန္တလေး) လိုင်စင်နဲ့လို့ သိရပါတယ်။ မိဘပြည်သူများ ထိုကားကို တွေ့တဲ့ နေရာမှာ အကြောင်းကြားပေးကြပါ။" ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှ အသက် ၆၀ နှစ်နှင့် ၄၀ နှစ် အရွယ်ရှိ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
.
အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)၏ ကယ်ဆယ်ရေးယာဉ်များဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။