စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေပြု မြောင်အမျိုးသမီး စစ်သည်တော် - Myaung Women Warriors - M2W တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယမန်နေ့အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းအခမ်းအနားသို့ မဟာမိတ်တပ်ဖွဲ့များ၊ ဒေသခံ တော်လှန်ရေး အင်အားစုမျ တက်ရောက်ခဲ့ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင် က ဂုဏ်ပြု သဝဏ်လွှာပေးပို့ ဖတ်ကြားခဲ့သည်ဟု သိရသည်။
.
မြောင်အမျိုးသမီး စစ်သည်တော်တပ်ရင်း အနေဖြင့် နွေဦးတော်လှန်ရေး အောင်မြင် ပြီးမြောက်သည်အထိ ဆက်လက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
"မြောင်အမျိုးသမီး စစ်သည်တော် အဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးအစိုးရရဲ့ တစ်ခုတည်းသော အမျိုးသမီးတပ်ရင်းပဲ၊ ရှေးရိုးစွဲ အယူအဆတွေ သိပ်များတယ်ဆိုတဲ့ အညာဒေသမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ တပ်ရင်းတစ်ခု ဖွဲ့လို့ရန်သူကို ချေမှုန်းနိုင်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြနိုင်ခဲ့တာပါပဲ။ စစ်ကိုင်းမြေက မိုင်းတွေမှာ ကောက်ရိတ်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ လက်ဗွေရာတွေ အပြည့်ပေါ့။ အမျိုးသမီးစစ်သည်တော်တပ် တစ်ခု ဖြစ်လာဖို့ အတိုက်အခိုက်တွေ၊ အတားအဆီးတွေ၊ သွေးထိုးမှုတွေကို အန်တုရင်း ဟောဒီ နှစ်ချီကြာလာတဲ့ နွေဦးတော်လှန်ရေးမှာ အညာမြေအောင်နိုင်ရေးအတွက် ညီနောင် မဟာမိတ် တပ်တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ်။ အမျိုးသမီးတွေပေမယ့် ဝရိန်ဆော်ခဲ့ကြတယ်၊ ကျောက်ဆက်ဖြတ်ခဲ့ကြတယ်၊ လက်လုပ်မိုင်းတွေအတွက် ဝံ့ကြွားနိုင်ခဲ့ကြတယ်" ဟု ဆိုသည်။
.
မြောင်အမျိုးသမီး စစ်သည်တော် - Myaung Women Warriors - M2W တပ်ဖွဲ့ ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။