လန်ဒန်တွင် ပြသသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြပွဲမှ စတာလင်ပေါင် တစ်သောင်းခွဲခန့် ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လန်ဒန်တွင် ပြသသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြပွဲမှ စတာလင်ပေါင် တစ်သောင်းခွဲခန့် ရရှိ

.

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြသသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြပွဲမှ ရန်ပုံငွေ စတာလင်ပေါင် တစ်သောင်းခွဲခန့် (မြန်မာကျပ်ငွေ သိန်း ၃၅၀ ခန့်) ရရှိခဲ့ကြောင်း သိရသည်။

.


.

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို လန်ဒန်မြို့တွင် အောက်တိုဘာ ၂ ရက်က ပထမဆုံးအကြိမ် ပြသခဲ့ခြင်းဖြစ်ပြီး သတ်မှတ် လက်မှတ်စောင်ရေ ၄၁၆ စောင်လုံး ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရုပ်ရှင်လာရောက်ကြည့်ရှုသူများထံမှ အလှူငွေ ကောက်ခံခဲ့ရာ စတာလင်ပေါင် ၄၆၀၀ ရရှိခဲ့ပြီး ဒါရိုက်တာ ကိုပေါက် အသုံးပြုရန်အတွက် iPhone 14 လှူဒါန်းရန် အလှူငွေ ထပ်မံကောက်ခံခဲ့ရာ စတာလင်ပေါင် ၁၈၀၀ ရရှိခဲ့ကြောင်း သိရသည်။

.

ဒါရိုက်တာ ကိုပေါက်သည် အဆိုပါ “မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို Iphone 11စ်ခုတည်းဖြင့်သာ ရိုက်ကူး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်ကားကို မကြာမီရက်ပိုင်းအတွင်း အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျနှင့် အခြား ဥရောပနိုင်ငံများတွင် ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats