.
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်
လျှပ်စစ်အင်ဂျင်နီယာမှူးရုံး ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်၊ ညပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
.
.ရေနံချောင်း လျှပ်စစ်ရုံးသည်
မီတာခများ အတင်းအဓမ္မ ကောက်ခံပြီး မဆောင်ပါက မီတာလိုက်ဖြုတ်နေသဖြင့် ၇၉ မမ ဗုံးပစ်လောင်ချာဖြင့်
ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များ ဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုကို
People's Defence Yenangyaung နှင့် ညီနောင်မဟာမိတ်များဖြစ်သော People's Defence Force Salin၊ မြေလတ်ဒေသ ဆိတ်ဖြူမြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Caf-Spup-df)တို့ပူးပေါင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.