.
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေပိုင်းက ကား ၂ စီး
မျက်နှာချင်းဆိုင် တိုက်မိပြီး ၇ ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.မြဝတီ-ကော့ကရိတ် အာရှလမ်းရှိ
ကွမ်းခြံကုန်းအဆင်းတွင် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၃ နာရီခွဲ ခန့်က မြဝတီဘက်မှ
ဆင်းလာသော ခရီးသည်တင် အန်စာတုံးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြော သို့ ရောက်ရှိသွားပြီး
မျက်နှာချင်းဆိုင် ကော့ကရိတ်ဘက်မှ တက်လာသည့် ကုန်စိမ်းတင် အန်စာတုံးယာဉ်ကို ဝင်ရောက်
တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့်
ကုန်စိမ်းတင်ကားပေါ်မှ ယာဉ်နောက်လိုက်နှင့် ခရီးသည်တင်ကားပေါ်မှ အမျိုးသား ၂ ဦး၊
အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီး၊ ၁၄ ဦးဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူများကို
မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.