ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

.

ရန်ကုန်မြို့တွင် ယနေ့ အောက်တိုဘာလ ၂ ရက်က ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်များ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

.

.

ထိုသို့ ချီတက်ဆန္ဒပြရာတွင် “မြန်မာပြည်သစ်အတွက် တိုက်ပွဲဝင်ကြ၊ ပြည်သူ့အာဏာတည်ဆောက်ကြ” စာတမ်းပါ ဘန်နာများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

.

ဆန္ဒပြ ချီတက်မှုကို သာကေတမြို့နယ် ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၂ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၃ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၄ သာကေတ ကျောင်းသားသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ စမ်းချောင်းမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လာသာ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက၂ တောင်ဒဂုံ ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၂ ဗဟန်း အခြေခံကျောင်းသားများသမဂ္ဂ၊ ဂဠုန်နီပြည်သူ့အကျိုးပြုလူငယ်အဖွဲ့စည်း (RGY)၊ ရန်ကုန်ရဲ့ သူပုန်များ သပိတ်ကော်မတီ (YRSC)Falcon Revolutionaries Team (FRT) တို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats