မူဆယ် ရွှေလီမြစ်အတွင်း ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ် ရွှေလီမြစ်အတွင်း ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေ

.

မူဆယ်မြို့ရှိ ရွှေလီမြစ်အတွင်း အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။

.

.

မူဆယ်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ အဆိုပါ လူငယ်သည် ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ နံနက်ပိုင်းက ရွှေလီမြစ်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ လူငယ်သည် မန္တလေးတိုင်းဒေသကြီးမှ မူဆယ်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂ ရက်အထိ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

.

ရွှေလီမြစ်အတွင်း သဲထုတ်လုပ်မှုများရှိပြီး ရေအတိမ်အနက်အခြေအနေကို မသိရှိနိုင်သဖြင့် ရေဆင်းကူးခြင်း မပြုလုပ်သင့်ကြောင်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats