စစ်ကောင်စီ၏ လက်နက်ပွဲစား ၃ ဦးနှင့် ကုမ္ပဏီတစ်ခုကို အမေရိကန် အရေးယူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီ၏ လက်နက်ပွဲစား ၃ ဦးနှင့် ကုမ္ပဏီတစ်ခုကို အမေရိကန် အရေးယူ

.

စစ်ကောင်စီတပ်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည့် လက်နက်ပွဲစား ၃ ဦးနှင့် ကုမ္ပဏီတစ်ခုတို့ကို အောက်တိုဘာလ ၆ ရက်တွင် အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့အရေးယူခဲ့ကြောင်း သိရသည်။

.


.

မြန်မာစစ်ကောင်စီတပ်အတွက် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းက လက်နက်ခဲယမ်းများ ဝယ်ယူပေးခဲ့သည့် ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးသစ္စာနှင့် Dynasty International ကုမ္ပဏီတို့ကို ထပ်မံ အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

.

ဦးအောင်မိုးမြင့်၏ Dynasty International ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် စစ်လေယာဉ်နှင့် မစ်ဆိုင်းများ၊ စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးခဲ့သည့်အတွက် ဦးအောင်မိုးမြင့်နှင့် ၎င်း၏ညီ ဦးလှိုင်မိုးမြင့်၊ ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးသစ္စာတို့ကို အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အမေရိကန်အနေဖြင့် မြန်မာစစ်ကောင်စီအတွက် လက်နက်များ ဝယ်ယူပေးသူများနှင့် ထောက်ပံ့ကူညီသည့် ကွန်ရက် များကို ပစ်မှတ်ထား အရေးယူခြင်းဖြစ်ပြီး ဆက်လက်၍လည်း အရေးယူမှုများ ထပ်မံလုပ်ဆောင်ရန်ရှိကြောင်း အမေရိကန် အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ တာဝန်ရှိသူ Brain E. Nelson က ပြောဆို ထားသည်။

.

အရေးယူပိတ်ဆို့မှုကြောင့် အမေရိကန်ရှိ ၎င်းတို့ ပိုင်ဆိုင်မှု အကျိုးစီးပွားများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်နေသည့် စီးပွားရေးလုပ်ငန်းများ၊ ရန်ပုံငွေ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများပံ့ပို့ခြင်းတို့ ထိန်းချုပ်၊ တားမြစ် ခံရမည်ဖြစ်ကြောင်း သိရသည်။

.

မြန်မာစစ်ကောင်စီတပ်အတွက် လက်နက်ဝယ်ယူပေးသူများ၊ စစ်တပ်နှင့် စီးပွားရေးအရ ဆက်စပ်သူများကို အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများက အရေးယူဒဏ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိသည်။

.

Journal Download

Photo of three cats