စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မုံရွာ-အမြင့်လမ်း တစ်နေရာအား စစ်ကောင်စီတပ်က အောက်တိုဘာလ ၄ ရက်တွင် မြေကော်စက် (ဘူဒိုဇာ) ဖြင့် လာရောက် ဖျက်စီးသွားခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် အင်အား ၃၀ ခန့်ဖြင့် ညောင်ပင်ဇောက်ရပ်ကွက် တောင်ဘက်အထွက် မုံရွာ-အမြင့်လမ်း ကျောက်ပေါက်ကွေ့သို့ ရောက်ရှိလာပြီးနောက် ယင်းကဲ့သို့ ဖျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
မုံရွာ-အမြင့်လမ်းသည် မုံရွာတောင်နယ်နှင့် ချောင်းဦးမြို့နယ်အတွက် အဓိက အရေးကြီးသော လမ်းပိုင်းဖြစ်ကာ ကားများ မောင်းနှင်၍ မရအောင် လမ်းကို ဖျက်စီးသွားခြင်း ဖြစ်သည်ဟု မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေး က ဆိုသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်က မုံရွာ-အမြင့်လမ်းကို ဖျက်စီးသွားခြင်းကြောင့် ဒေသခံ ပြည်သူများဖြတ်သန်း သွားလာရေး အပါအဝင် ကုန်သွယ်ရေးအတွက်ပါ ခက်ခဲတော့မည် ဖြစ်ကြောင်း သိရသည်။