မင်းကင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်တောက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းကင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်တောက်နေ

.

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး စားနပ်ရိက္ခာများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်က မင်းကင်းမြို့နယ်အတွင်းရှိ ကုလဲ အနောက်ရွာ၊ ထုံးမန်း၊ ညောင်ကိုင်း၊ လင်းလု၊ ဖက်ထုတ် စသည့် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံပြည်သူများသည် တောတောင်များ အတွင်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

.

အသက်လု ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများသည် စားနပ်ရိက္ခာ အနည်းငယ်သာ ယူဆောင်လာနိုင်ခဲ့သည့် အပြင် လက်ရှိတွင် စစ်ကောင်စီတပ်က ပြည်သူများ စားနပ်ရိက္ခာ ယူဆောင်နိုင်သည့် နေရာများကိုပါ ပိတ်ဆို့ထားကာ ကျေးရွာများတွင်လည်း ကင်းပုန်းများချထားသဖြင့် ဒေသခံများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိဘဲ စားနပ်ရိက္ခာ ပြတ်တောက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ပြီး အတင်းဝင်လာ သည့်အတွက် မည်သည့်စားနပ်ရိက္ခာမှ ယူချိန်မရဘဲ ပြေးလာရခြင်းဖြစ်ပြီး လက်ရှိတွင် ရိက္ခာယူနိုင်သည့် နေရာများအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် အတွက် အားလုံး ရိက္ခာပြတ် ပိတ်မိနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

.

အဆိုပါ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန် အဓိက လိုအပ်နေပြီး ငွေသား ထောက်ပံ့မှု များ ရရှိပါက ကနီဘက်ဆင်း၍ ဆန်ဝယ်ယူ ထောက်ပံ့ရန် အလှူရှင်များ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats