မသောက်မိသောမိုးခါးရေ ဇာတ်လမ်းကို နယူးယောက်တွင်ပြသရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် အားပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မသောက်မိသောမိုးခါးရေ ဇာတ်လမ်းကို နယူးယောက်တွင်ပြသရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် အားပေး

.

ဒါရိုက်တာ ကိုပေါက် “ရိုက်ကူးသည့် မသောက်မိသော မိုးခါးရေ” ဇာတ်လမ်းရုပ်ရှင်ကို အောက်တိုဘာလ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပြသရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။

.

.

Helping Hands for Burma (H2B) နှင့် Spring Myanmar Society (SMS) ပူးပေါင်းစီစဉ်သည့် အဆိုပါ “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင် ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ The Zukor Theatre, Kaufman Astoria တွင် အောက်တိုဘာ ၂၂ ရက် နံနက် ၁၂ နာရီကနေ ည ၉ နာရီအထိ ၆ ပွဲပြသခဲ့ပြီး နယူးရောက်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ၅၀၀ ဦးခန့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

.

ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တစ်နေရာတွင် iPhone 11 ကင်မရာဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရုပ်ရှင်ပြသပွဲတွင် ရန်ပုံငွေအတွက် ဒါရိုက်တာကိုပေါက်၏ ဒီဂျစ်တယ်လက်ရေးပန်းချီများကို လေလံတင် ရောင်းချခဲ့ပြီး မိုးခါးရေအမှတ်တရ T-Shirt နှင့် ဆွယ်တာများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

.

ယင်းပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို မြေပြင်ရှိ အရေးပေါ်လိုအပ်နေသည့် နေရာများကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats