.
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊
ကလိန်အောင်တံတားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်၊ နံနက်ပိုင်းက
တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.စစ်ကောင်စီတပ် အင်အား
၁၅ ဦးခန့် လုံခြုံရေးယူထားသည့် အဆိုပါစစ်ဆေးရေးဂိတ်ကို ယမန်နေ့ အောက်တိုဘာလ ၁၄ ရက်၊
နံနက် ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ
နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ
ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်မှုအတွင်း သေဆုံးသွားသည့်
စစ်ကောင်စီတပ်သား ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အမှတ် (၄၀၆)
တပ်ရင်းထံ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်
စစ်ကောင်စီတပ်က အင်အားတိုးချဲ့ပြီး မြစ်ကမ်းဘေးတစ်လျှောက်တွင် တောနင်း ရှာဖွေခြင်း၊
လမ်းသွားလမ်းလာ ပြည်သူများကို ပိတ်ဆို့စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.