.
ဗြိတိန်နိုင်ငံတွင် အောက်တိုဘာလ ၁၆ ရက်က ဆန္ဒပြေနေသည့် ဟောင်ကောင်
ဒီမိုကရေစီရေး လှုပ်ရှားသူတစ်ဦးကို တရုတ် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများမှ ရုံးဝင်းအတွင်း
ဆွဲသွင်းပြီး ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင်
အောက်တိုဘာလ ၁၆ ရက်က ဒီမိုကရေစီရေး စုဝေးဆန္ဒပြနေစဉ် အဆိုပါ ဟောင်ကောင်အမျိုးသားကို
ကောင်စစ်ဝန်ရုံးအတွင်းသို့ ဆွဲသွင်းပြီး ဝိုင်းဝန်းရိုက်နှက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ဝိုင်းဝန်းရိုက်နှက်မှုတွင် ဗြိတိတ်ရဲများနှင့် အခြား ဆန္ဒပြသူများက
ဝိုင်းဝန်းကူညီခဲ့ကြသည့်အတွက် ယင်း အမျိုးသားမှာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းချက်ပေးရန်
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပြီး မန်ချက်စတာရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.