ကျောက်တော်မြို့နယ်တွင် ဝါးရောင်းရန်လာသည့် စက်လှေတစ်စီးကို စစ်ကောင်စီ ပစ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တော်မြို့နယ်တွင် ဝါးရောင်းရန်လာသည့် စက်လှေတစ်စီးကို စစ်ကောင်စီ ပစ်ခတ်

.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းက ဝါးရောင်းရန် လာရောက်သည့် စက်လှေတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ဒဏ်ရာရရှိသူမှာ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာနေ ဦးဇော်မင်းဦး ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် သေနတ် ကျည် ထိမှန်ခဲ့ကာ ၎င်းနှင့်အတူ တစ်ရွာတည်းနေ ဦးသင်္ခါကျော်၊ ဒေါ်သန်း ယဉ်နု၊ ဒေါ်မသန်းရီတို့က ဝါးရောင်းရန် အတွက် ကျောက်တော်မြို့သို့ လာရောက်စဉ် မျောက်တောင်ကျေးရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

.

မျောက်တောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၎င်းတို့ စီးနင်းလာသည့် စက်လှေကို ရပ်ခိုင်းရာ စက်လှေသံကြောင်း မကြားသည့်အတွက် ဆက်သွားရာတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

.

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်စခန်းမှ တပ်သားများသည် စက်လှေများ၊ ဘုတ်များကို မကြာခဏ ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ခရီးသွားများ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

.

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် လာရောက် သည့် စက်လှေတစ်စီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် စက်လှေပေါ်ပါ ခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

.

Journal Download

Photo of three cats