.
အာဆီယံဒေသတွင်း
ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ လိဂ်-၁ ပြိုင်ပွဲ၏
ယမန်နေ့ အောက်တိုဘာလ ၁ ရက်က ကစားသည့် ပွဲစဉ်တစ်ခုအတွင်း နှစ်ဘက်ပရိသတ်ကြား
ခိုက်ရန်ဖြစ်ပွားရာမှ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၃၀
ခန့်သေဆုံးခဲ့ကြောင်းသိရသည်။
.
.အင်ဒိုနီးရှားနိုင်ငံ၊
အရှေ့ဂျာဗားပြည်နယ်ရှိ Arema FC နှင့် Persebaya Surabaya အသင်းတို့ စနေနေ့ ညပိုင်းက ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် အိမ်ရှင်အသင်းဖြစ်သည့် Arema
FC အသင်း ၂ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်သွားသည့်အတွက်
နှစ်ဘက် ပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားရာမှ အဓိကရုဏ်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
“စနေနေ့က
ကစားတဲ့ပွဲစဉ်တစ်ခုမှာ အဓိကရုဏ်းဖြစ်ပြီး ရဲ ၂ ဦးအပါအဝင် လူပေါင်း ၁၃၀ လောက် သေဆုံးသွား
ပါတယ်။ ၃၄ ယောက်က ကွင်းထဲမှာတင် သေဆုံးပြီး ကျန်တဲ့လူတွေကတော့ ဆေးရုံရောက်မှ သေဆုံးသွားတာ
ဖြစ်ပါတယ်” ဟု အရှေ့ဂျာဗား ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အားကစားကွင်းအတွင်း
ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများအရ ပွဲကြည့်ပရိသတ်များ ကွင်းအတွင်းဝင်ရောက် လာချိန်တွင်
ရဲတပ်ဖွဲ့မှ မျက်ရည်ယိုဗုံး အသုံးပြု နှိမ်နှင်းသည့်အတွက် လူအုပ်ပြိုကျ၍
အခြေအနေအား မထိန်းသိမ်းနိုင် တော့ဘဲ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါဖြစ်စဉ်တွင်
လူပေါင်း ၁၃၀ ဦးခန့်သေဆုံးကာ ၂ဝဝ ခန့်ဒဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍
အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်လာနိုင်ကြောင်း
သိရသည်။
.