.
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်
စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်၏ နေအိမ် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ ညပိုင်းက
ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
.
.အဆိုပါ
ဗုံးပစ်တိုက်ခိုက်မှုကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF)က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခန့်
စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးပိုင်သည် လုပ်ပိုင်ခွင့်ထက် ပိုမိုကျော်လွန်လုပ်ဆောင်နေသည့်အပြင်
ဈေးသည်များအား ဖိနှိပ်မှုများ ပြူလုပ်နေသည့်အတွက် ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့
(PSTF) က ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု
သိရသည်။
.
ဗုံးပစ်သွင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍
ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရှိရသေးဘဲ အဖွဲ့ဝင်အားလုံး ဘေးကင်း ရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း
PSTF အဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်။
.
ပြီးခဲ့သည့်
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်ကလည်း စည်ပင်ကောင်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်၏
နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးသည်။
.