တာချီလိတ် ဇွဲသာယာကမ်းခြေပိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ် ဇွဲသာယာကမ်းခြေပိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

.

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ မဲခေါင်မြစ်ကမ်းဘေးရှိ ဇွဲသာယာကမ်းခြေတွင် ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်၊ ညပိုင်းက ကမ်းခြေပိုင်ရှင် ဦးဇွဲဆိုသူမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

.

ဇွဲသာယာကမ်းခြေပိုင်ရှင် ဦးဇွဲသည် ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်၊ ည ၇ နာရီခန့်က ၎င်း၏ နေအိမ်ခြံဝင်း အတွင်း ခွေးများဆူညံအော်ဟစ်နေသဖြင့် ၎င်းကိုင်ဆောင်သည့် ၉ မမ ပစ္စတိုဖြင့် ခြောက်လှန်ပစ်ခတ်ရာမှ ယင်း ဆိပ်ကမ်းတွင် ဈေးရောင်းနေသည့် မလှလှဝင်း (ခ) မလှရီအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းများတွင် ဖော်ပြထားသော်လည်း မတော်တဆ ထိမှန်ခြင်း မဟုတ်နိုင်ကြောင်း တာချီလိတ်ဒေသခံများက ပြောဆိုကြသည်။

.

ဒဏ်ရာရရှိသူ အမျိုးသမီးအား ဝမ်ပုံတိုက်နယ်ဆေးရုံမှတစ်ဆင့် တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ သေနတ်ဖြင့်ပစ်ခတ်သူ ဦးဇွဲအား ဝမ်ပုံနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

 

Journal Download

Photo of three cats