.
ချင်းပြည်နယ်
ဟားခါးမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံးအား အောက်တိုဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီး
မီးသတ်ကား ၂ စီး ပျက်စီးသွားခဲ့ပြီး မီးသတ်ရုံးဝင်းအတွင်း ကင်းစောင့်နေသည့် ရဲတပ်သားတစ်ဦး
သေဆုံးသွားခဲ့ ကြောင်း သိရသည်။
.
.ထို့အတူ ယမန်နေ့ အောက်တိုဘာလ
၁၆ ရက်၊ နံနက်ပိုင်းတွင်လည်း ဟားခါးမြို့၊ ဝန်ကြီးအိမ်ရာဘက်တွင် စစ်ကောင်စီ တပ်နှင့်
ဟားခါး CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
ယနေ့ အောက်တိုဘာလ
၁၇ ရက် နံနက်ပိုင်းတွင်လည်း ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၆) က တောင်ပေါ်မှ
ဟားခါးမြို့အပြင်ဘက်ကို လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ
အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့ရှိ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၊ ပြည်နယ်လဝကရုံး၊ ခရိုင် ဆောက်လုပ်ရေးရုံးနှင့်
လမ်းဦးစီးရိပ်သာများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.