.
မူဆယ်မြို့တွင် ယမန်နေ့
အောက်တိုဘာလ ၁၅ ရက်က အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး တရုတ်ယွမ်ငွေ
၅ သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရကြောင်း သိရသည်။
.
.တရုတ်စာသင်ကျောင်းသို့
သွားရန် လမ်းလျှောက်လာသည့် အဆိုပါ ကလေးငယ်ကို ရပ်ကွက်တွင်းလမ်း တစ်နေရာ တွင် အမည်မသိ
လူ ၄ ဦးက ကားဖြင့် ခေါ်ဆောင်ကာ ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကလေး လာသည့်လမ်းကို
ကြိုတင်စောင့်ဆိုင်းပြီး ကားအတွင်း ဖမ်းထည့်ခေါ်ဆောင်သွားခြင်းဖြစ်ကာ ကလေး၏ မိဘများက
တရုတ်ယွမ်ငွေ ၅ သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
မူဆယ်မြို့တွင် ဒုစရိုက်မှုများ
မကြာခဏဖြစ်ပွားလာနေသည့်အတွက် ကလေးမိဘများအနေဖြင့် မိမိကလေးများ၏ လုံခြုံရေးကို မပေါ့ဆရန်
လိုအပ်ပြီး မိဘများကိုယ်တိုင် ကျောင်ကြိုပို့ လုပ်ပေးရန် လိုအပ်ကြောင်း ဒေသခံများက
ပြောဆိုကြသည်။
.
မူဆယ်မြို့သည်
လက်နက်ကိုင် ပေါများသည့် ဒေသဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်၊
ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။
.