ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံး

.

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ယနေ့ အောက်တိုဘာ ၁၇၊ နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် နောက်လိုက်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

.

ဝမ်းတွင်းမြို့၊ ရွှေနှင်းရည် ထမင်းဆိုင်တွင် ထမင်းစားနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် နောက်လိုက် ၂ ဦးတို့ကို လူတစ်စုက သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခဲ့ရာ ဦးကျော်မိုးဦးနှင့် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးသည် ပြည်သူ့လစာ စားပြီး လူထုကို မလေးစားသူတစ်ဦးဖြစ်၍ ထမင်းဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WRTF) မှ တာဝန်ရှိသူက ပြောဆိုထားသည်။

.

ပစ်ခတ်မှုအပြီးတွင် ဝမ်းတွင်းမြို့အဝင်ဂိတ်၌ လုံခြုံရေးများ တင်းကျပ်ထားပြီး စစ်ဆေးမှုများ ရှိနေသည်ဟု သိရသည်။

.

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်ကလည်း ဝမ်းတွင်းမြို့ ယာယီရဲစခန်းမှူး ရဲအုပ်စောနိုင်ဦး (ခ) ဗိုလ်စောကို WRTF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats