မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောင်တောခရိုင်ပညာရေးမှူး ဓားထိုးခံရပြီး သေဆုံး

.

ရခိုင်ပြည်နယ်။ မောင်တောခရိုင်ပညာရေးမှူးသည် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ ညနေပိုင်းက ဓါးထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူ မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို အမည်မသိ လူ ၃ ဦးက ခရိုင်ပညာရေးမှူးရုံး အတွင်း ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါးထိုးခံရမှုကြောင့် ဒေါက်တာမြင့်မြင့်စန်း၏ ရင်ဘတ်၊ မျက်နှာနှင့် လည်ပင်းတို့တွင် ဓါးဒဏ်ရာများ ရရှိခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ဒေါက်တာ မြင့်မြင့်စန်းသည် မောင်တောခရိုင်ပညာရေးမှူးရုံးသို့ ပြောင်းရွှေ့လာသည့်မှာ ၁ နှစ်ခန့်သာရှိသေးပြီး ၎င်းကို ဓားဖြင့်လုပ်ကြံသွားသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးချေ။

.

[ ဓါတ်ပုံ - မောင်တောမြို့နယ် ဂရုဏာကွန်ရက် ]

.

Journal Download

Photo of three cats