ကလောမြို့နယ်၊ မြင်းမထိကျေးရွာ၌ ကထိန် ပြုလုပ်ရန်အတွင် တစ်အိမ်လျှင် အလှူငွေ အဖြစ် ၂၀၀၀၀ ကျပ်စီ ကောက်ခံနေ၍ ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်နေရသည်ဟု သိရသည်။
.
" တစ်နေ့ လုပ်မှ၊ တစ်နေ့ စားရတဲ့တွေလည်း ရှိပါတယ်။ တချို့ဆို စားဖို့တောင် အဆင်မပြေဘူးဗျာ။ ပိုက်ဆံ ရှိတဲ့ အိမ်ကတော့ ငွေနှစ်သောင်း ဆိုတာ ဘာမှ မဟုတ်ပေမယ့်၊ မရှိတဲ့ အိမ်ကြတော့ အခက်အခဲ ဖြစ်နေရတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
ဘာသာရေး အလှူပွဲတော် ဖြစ်သည့်အလျောက် အလှူငွေ ထည့်ဝင်ခိုင်းသည်မှာ ဖြစ်သင့်သော်လည်း စားဝတ်နေရေး ကြပ်တည်းနေချိန် ဖြစ်၍ သင့်တင့်သည့် ပမာဏကိုသာ ကောက်ခံစေလိုကြောင်းနှင့် မဖြစ်မနေ ထည့်ဝင်ခိုင်းသည်မှာမူ မဖြစ်သင့်သည့် ကိစ္စ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
.
အဆိုပါ မြင်းမထိကျေးရွာ ကထိန်ပွဲကို လာမည့် နိုဝင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး အလှူငွေများကို နိုဝင်ဘာလ ၄ ရက်တွင် အပြီး ပေးသွင်းရန် ရွာ တာဝန်ရှိသူများက သတ်မှတ်ထားသည်ဟု သိရသည်။