.
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ချင်းပြည်နယ်မှ
စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ Kannan ဒုက္ခသည်စခန်းတွင် ယမန်နေ့ အောက်တိုဘာလ ၂၄
ရက်၊ ညပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် အချို့ အမိုးအကာများ ပျက်စီးသွားခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ Kannan ဒုက္ခသည်စခန်းတွင် ချင်းပြည်နယ်၊ ထန်တလန်၊ မတူပီ၊
ပလက်ဝနှင့် အခြားမြို့နယ်များမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၃ သောင်းကျော်
နေထိုင်လျက်ရှိပြီး မီဇိုရမ်ပြည်နယ်တစ်ခုလုံးတွင် မြန်မာနိုင်ငံ ဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူ
စစ်ဘေးဒုက္ခသည် စုစုပေါင်း ၅ သောင်းခန့် ရှိနေကြောင်း သိရသည်။
.
ကုလသမဂ္ဂ၏ အောက်တိုဘာလဆန်းပိုင်းအထိ နောက်ဆုံးစာရင်းများအရ မြန်မာနိုင်ငံတွင်
အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ စုစုပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိနေပြီး
ယင်းတို့အနက် ၁ သန်းကျော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း
ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများဖြစ်ကြောင်း
သိရသည်။
.