.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်တွင် ကြားကာလ ကိုယ်ထူကိုယ်ထ ပညာရေး ကျောင်းဆင်းပွဲနှင့် ဆုပေးပွဲ
အခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.အခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်း၊
ထူးချွန် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ် များဖြင့်
အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို အကသက က ထုတ်ပြန်ထားသည်။
.
အဆိုပါ ကြားကလ ကိုယ်ထူကိုယ်ထ
ပညာရေး ကျောင်းဆင်းပွဲသို့ ဒီးမော့ဆို အကသ၊ မြို့နယ်ပညာရေးဘုတ်၊ ကယား ပြည်နယ်ဆိုင်ရာ
အခြေခံပညာဆရာ/ဆရာမများသမဂ္ဂနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် အားပေးဂုဏ်ပြုခဲ့ကြောင်း
သိရသည်။
.