ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၂၀၀ ခန့် မီးရှို့ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၂၀၀ ခန့် မီးရှို့ခံရ

.

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက် အထိ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့်အတွက် အိမ်ခြေ ၂၀၀ ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

.


.

ချောင်းဦးမြို့နယ်အတွင်းရှိ မထိသာကျေးရွာနှင့် ငါးလုံးတင်ကျေးရွာများမှ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ဒေသခံ အမျိုးသား ၂ ဦးလည်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ် စစ်ကြောင်းသည် ငါးလုံးတင်ကျေးရွာကို ဦးစွာသွားရောက်၍ မီးရှို့ခဲ့ပြီး မထိသာကျေးရွာကို ထပ်မံ မီးရှို့သွားခြင်းဖြစ်ကာ မထိသာတွင် သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ များက ပြောဆိုကြသည်။

.

လက်ရှိတွင် စစ်ကြောင်း မရှိတော့သော်လည်း ဒေသခံ ထောင်ချီမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး ပြန်စရာ နေအိမ်လည်း မရှိတော့သည့်အတွက် အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

Journal Download

Photo of three cats