အင်းလေးကန်အတွင်း စစ်ကောင်စီဝင်များ၏ သားသမီးများ သီတင်းကျွတ်ပျော်ပါးရန် ရောက်ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးကန်အတွင်း စစ်ကောင်စီဝင်များ၏ သားသမီးများ သီတင်းကျွတ်ပျော်ပါးရန် ရောက်ရှိနေ

.

ခရိုနီ ဦးတေဇပိုင် ဟိုတယ် အပါအဝင် အင်းလေးကန်အတွင်းရှိ ဟိုတယ်များတွင် စစ်ကောင်စီဝင် ထိပ်သီးများ၏ သားသမီးများ သီတင်းကျွတ်ကာလ ပျော်ပါးရန် စုရုံးရောက်ရှိလာနေပြီး ဟိုတယ်အခန်းများ ပြည့်နေကြောင်း သိရသည်။

.


.

ဦးတေဇ၏ Aureum Palace Hotel & Resort, Inle တွင် ယနေ့ အောက်တိုဘာ ၇ ရက်၊ ညမှစတင်၍ EDM ပွဲ ပြုလုပ်ရန် စီစဉ်ထားပြီး ဟိုတယ်အခန်းများ ကြိုတင်မှာယူထားပြီးဖြစ်သည်ဟု သိရသည်။

.

ပြည်ထဲရေးဝန်ကြီး၏ သားအပါအဝင် စစ်ကောင်စီ ထိပ်သီး အကြီးအကဲများ၏ သားသမီးများ လာရောက်ရန်ရှိနေပြီး ယနေ့ အောက်တိုဘာလ ၇ ရက်၊ နေ့လယ်ပိုင်းမှ စတင်ကာ ဟိုတယ်ပတ်ဝန်းကျင်တွင် လုံခြုံရေးများ စတင်နေရာယူ ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။

.

Aureum Palace အပြင် အင်းလေးကန်အတွင်းရှိ အခြားဟိုတယ်များတွင်လည်း ပွဲလုပ်ရန် ရှိနေပြီး ဗွီအိုင်ပီလှေဆိပ် အနီးရှိ ဟိုတယ်လည်း ပါဝင်ကာ ရဟတ်ယာဉ်ကွင်း တစ်ခုပါဝင်သည့် အဆိုပါ ဗွီအိုင်ပီလှေဆိပ်ကို စစ်ကောင်စီဝင် အကြီးအကဲများ၏ သားသမီးများ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats