တောင်ကြီးမြို့ရှောင်လမ်းသစ်တွင် အိမ်စီးယာဉ်နှင့် ယာဥ်ငယ်များသာ သွားလာနိုင်သေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှောင်လမ်းသစ်တွင် အိမ်စီးယာဉ်နှင့် ယာဥ်ငယ်များသာ သွားလာနိုင်သေး

.

တောင်ကြီးမြို့နှင့် အေးသာယာစက်မှုဇုန်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တောင်ကြီး မြို့ရှောင်လမ်းသစ်တွင် ကုန်တင်ယာဉ်ကြီးများ သွားလာရန်မဖြစ်နိုင်သေးဘဲ အိမ်စီးကားနှင့် ယာဉ်ငယ်အချို့သာ သွားလာနိုင်သေးကြောင်း သိရသည်။

.

.

အဆိုပါ မြို့ရှောင်လမ်းသစ်အား တောင်ကြီးမြို့ပေါ်နေထိုင်သူများ သွားလာရန် အသုံးပြုမည် ဆိုပါက ကျောင်းကြီးစု ရပ်ကွက်၊ ဖရဲငွေတောင်ရပ်အတွင်းမှ ဖြတ်သန်း၍ လယ်ငယ်ကျေးရွာအဝင် ဆိုင်းဘုတ်အနီးရှိ လမ်းမပေါ်မှတစ်ဆင့် သွားရောက်နိုင်မည်ဖြစ်သည်။

.

“လမ်းက ပြီးထားတာသိပ်မကြာသေးတော့ တောင်ကြီးမြို့ပေါ်က လူတွေတောင် သိပ်မသိကြ သေးဘူး။ တောင်ကြီးက လူတွေ အဲဒီလမ်း အသုံးပြုမယ်ဆိုရင် ဖရဲရပ်ကွက်ထဲကနေ ဖြတ်ပြီးသွားရတာပေါ့။ ရပ်ကွက်လမ်းက ကျဉ်းတော့ ကုန်တင်ကားကြီးတွေဆိုရင် ဒီလမ်းသုံးလို့ အဆင်မပြေနိုင်သေးဘူး။ အိမ်စီးကားတွေလောက်ပဲ သွားလို့ရတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

.

ထို့အပြင် ယင်း ဖရဲအတက်လမ်းမှာ အချို့နေရာတွင် ဆိုးရွားစွာ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေ ကြောင်း ဒေသခံများက ဆိုသည်။

.

မြို့ရှောင်လမ်းအသုံးပြုသူများအနေဖြင့် တောင်ကြီးမြို့အဝင်ဆိုင်းဘုတ်မှ ဆင်တောင်ကျေးရွာ၊ ညို့မီးကျေးရွာ ဖရဲရပ်ကွက်၊ ကံကြီးရပ်ကွက်နှင့် အေးသာယာစက်မှုဇုန် မှတစ်ဆင့် ရွှေညောင်မြို့ ဘက်သို့ သွားရောက်နိုင်ကြောင်း သိရသည်။

.

အေးသာယာမှ တောင်ကြီးမြို့သို့ လာရောက်မည်ဆိုပါက ယခင်လမ်းဟောင်းအပြင် ပလီလင်းကျေးရွာ ဘက်မှလည်း လာရောက်နိုင်ပြီး ယခုဖောက်လုပ်ထားသည့် မြို့ရှောင်လမ်းသစ်ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats