.
လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးခေါင်းဆောင်များညီလာခံတွင် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို
ဖိတ်ကြားမည်မဟုတ်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဌ
ကမ္ဘောဒီးယားက ကြေညာခဲ့သည်ဟု သိရသည်။
.
.
အကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို
လာမည့် နိုဝင်ဘာလ တွင် ဖနွမ်းပင်၌ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးများသို့ စစ်ကောင်စီခေါင်းဆောင်
မင်းအောင်လှိုင်ကို တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
.
အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားသည် မြန်မာနိုင်ငံမှ
နိုင်ငံရေးနှင့်မသက်ဆိုင်သော ကိုယ်စားလှယ်ကိုသာ တက်ရောက် ခွင့်ပြုသွားမည် ဟုဆိုသည်။
.
ပြီးခဲ့သည့် ၂၀၂၁ ဧပြီတွင်
အာဆီယံခေါင်းဆောင်များချမှတ်ခဲ့သော ဘုံသဘောတူညီချက် ၅ ရပ်ကို
မြန်မာစစ်ကောင်စီ က လိုက်နာအကောင်အထည်ဖော်ခြင်းမရှိသဖြင့်
ယင်းနောက်ပိုင်းကျင်းပသော အာဆီယံထိပ်သီးညီလာခံများသို့ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်များကို
တက်ရောက်ခွင့်မပြုတော့ဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ် ကိုသာ တက်ရောက်ခွင့်ပြုထားခြင်းဖြစ်သည်။
.