ဆားလင်းကြီးတွင် စျေးလာဝယ်သည့် ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆားလင်းကြီးတွင် စျေးလာဝယ်သည့် ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး

.

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးတွင် ယမန်နေ့  အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက သေနတ်ကိုင်ဆောင်ပြီး ဈေးဝယ်ထွက်လာသည့် ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ်များ သိမ်းဆည်းလိုက် ကြောင်း သိရသည်။

.


.

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့သည် အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက ညောင်ပင်ကြီးဈေးသို့ သေနတ်များကိုင်ဆောင်ပြီး ဈေးဝယ်ထွက်လာစဉ် ယင်း ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီး လက်နက် ၄ လက်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဈေးဆိုင်အားလုံး ပိတ်သွားခဲ့ပြီး ညပိုင်းတွင် ဆားလင်းကြီးမြို့ပေါ်၌ ကင်းလှည့်စစ်ဆေး မှုများ ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

.

Journal Download

Photo of three cats