.
ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်း
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ ညပိုင်းက စီးနင်းတိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင်
ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
.
.ယမန်နေ့ အောက်တိုဘာလ
၂၉ ရက်၊ ညနေ ၄ နာရီခန့်က လူ ၂၅ ဦးခန့်မှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ရဲစခန်း
ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်ဟု
သိရသည်။
.
အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း
ရဲစခန်းမှူး ရဲအုပ်ကျော်အေး အပါအဝင် ရဲ ၁၀ ဦးနှင့် မိသားစုဝင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး
လာရောက်ပစ်ခတ်သူများဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်
ငါ့သရောက်မြို့တွင် စစ်ကောင်စီတပ် အင်အား အလုံးအရင်းဖြင့် ရောက်ရှိနေပြီး ဒေသခံများ
တိမ်းရှောင်နေရကြောင်း သိရသည်။
.
င့ါသရောက်မြို့သည်
ပုဂံမြို့မှ ၁၂ မိုင်အကွာ၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနှင့် တောင်သာ ၃ မြို့နယ် ဆုံရာ
ဒေသတွင် တည်ရှိသည်။
.