.
တောင်ကိုရီးယားနိုင်ငံ၊
အူဆန်မြို့တွင် ယနေ့ အောက်တိုဘာလ ၂ ရက်က မြန်မာစစ်ကောင်စီကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်ဟု
သိရသည်။
.
.ဆန္ဒပြပွဲတွင် ဒယ်ဂူးဆရာတော်က
NUG တာဝန်ရှိ လူကြီးများ
လက်တွေ့ကျကျ အလုပ်လုပ်ရန်နှင့် PDF ကာကွယ်ရေး တပ်သားများ စုစုစည်းစည်းရှိရန် လိုအပ်ကြောင်း၊ ပြည်တွင်းပြည်ပရှိ
မြန်မာနိုင်ငံသူ နိုင်ငံသားများထောက်ပို့ရေး အရှိန်ကျမသွားရန် ဆောင်ရွက်ပေးမှသာ တော်လှန်ရေး
အမြန်အောင်မြင်ကာ မိမိတို့လိုအပ်သည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ထောင်နိုင်မည်
ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
.