စစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ် ယာဉ်တန်းများကို ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းဖြင့် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ် ယာဉ်တန်းများကို ပူးပေါင်းအဖွဲ့က ပဒေသာမိုင်းဖြင့် တိုက်ခိုက်


စစ်ကိုင်းတိုင်း အတွင်း၌ စစ်ကောင်စီတပ်၏ ယာဉ်တန်းများကို ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် (CRA)၏ ထုတ်ပြန်ချက်အရ သိရသည်။

.

စစ်ကိုင်းဘက်မှ ထွက်လာသည့် ၁၄ စီးပါ ယာဉ်တန်းနှင့် ချောင်းဦးဘက်မှ ထွက်လာသည့် ၄ စီးပါ ယာဉ်တန်းကို CRA တပ်ခွဲ -(၁)၊ (၂)၊ (၃)၊ BLACK WOLF SOLDIERS - အထူးကွန်မန်ဒို ပြောက်ကျားတပ်၊ တောင်သူလယ်သမားတော်လှန်ရေးတပ် (FRF) တို့က ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်၏ ယာဉ်များ ထိမှန်ကာ ထိခိုက်သေဆုံးမှုများ ရှိကြောင်း CRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats