တောင်ကြီးတွင် ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားနေ၍ သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားနေ၍ သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားရ

.

မြို့တော်တောင်ကြီးတွင် မော်တော်ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့်လူစည်ကားရာနေရာများတွင် သတိပေးဆိုင်းဘုတ်များချိတ်ဆွဲထားနေရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်ရှိ မော်တော်ဆိုင်ကယ် ခိုးယူသူများသည် အုပ်စုဖွဲ့၍ အထင်ကရနေရာများ၊ လူစည်ကားရာ နေရာများတွင်ပါ အတင့်ရဲစွာ ခိုးယူမှုများ ကျူးလွန်နေသည့်အတွက် ဆိုင်ကယ်ပိုင်ရှင်များ သတိပြုနိုင်ရန် အသိပေး ဆိုင်းဘုတ်များ ချိတ်ဆွဲထားရခြင်းဖြစ်ကြောင်း သိရသည်။

.

“ဆိုင်ကယ်ခိုးတဲ့လူတွေက နည်းနည်းလစ်တာနဲ့ လူစည်ကားတဲ့ မိန်းလမ်းလိုနေရာမှာ ရပ်ထားတဲ့ဆိုင်ကယ်တောင် ရအောင် ခိုးနေကြတာပေါ့။ ဈေးဆိုင်ကြီးတွေ၊ စားသောက်ဆိုင်လို နေရာမှာ ရပ်ထားမိတဲ့ ဆိုင်ကယ်တွေ အခိုးခံရတာ များတယ်။ အဲဒါကြောင့် ဆိုင်မှာလာတဲ့လူတွေ သတိထားလို့ရအောင် စာရေးပြီး ကပ်ထားရတာပါ” ဟု စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

.

ထို့အပြင် တောင်ကြီးမြို့၏ အထင်ကရနေရာများဖြစ်သည့် စူဠာမုနိလောကချမ်းသာစေတီတော် ရင်ပြင်၊ ရွှေဘုန်းပွင့် စေတီ၊ မြို့မဈေးကြီးအနီးတစ်ဝိုက်နှင့် Night 38 ညဈေးတန်း အစရှိသည့်နေရာများတွင်ပါ ဆိုင်ကယ်ခိုးယူခံရမှုများ ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုရန်လိုအပ်နေကြောင်း သိရသည်။

.

“ဘယ်နေရာသွားသွား ဆိုင်ကယ်တွေက ဇက်သော့ခတ်ထားရုံနဲ့ စိတ်မချရတော့ဘူး။ ဘီးမှာ ခတ်တဲ့ ကြိုးသော့နဲ့ တွဲခတ်ထားမှ နည်းနည်းစိတ်ချရတယ်” ဟု Night 38 ညဈေးအနီးတွင် ဆိုင်ကယ်ခိုးယူခံရသူတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ ဆိုင်ကယ်ခိုးယူခံရပါက ပြန်လည်ရရှိခြင်းမရှိသည့်အပြင် ရဲစခန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ရပ်ထားသည့်ဆိုင်ကယ်များပါ ခိုးယူခံရမှုဖြစ်စဉ်များ ရှိနေကြောင်းသိရသည်။

.

Journal Download

Photo of three cats