အမြန်လမ်းပေါ်တွင် ကားတစ်စီး တိမ်းမှောက်နေပြီး ကားအတွင်း လူမတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမြန်လမ်းပေါ်တွင် ကားတစ်စီး တိမ်းမှောက်နေပြီး ကားအတွင်း လူမတွေ့

.

အမြန်လမ်းမပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ ညနေပိုင်းက အိမ်စီးကားတစ်စီး ပက်လက်လှန် တိမ်းမှောက်နေသဖြင့် သွားရောက်ကူညီခဲ့ရာ ကားပေါ်တွင် လူတစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ရ ကြောင်း သိရသည်။

.

.

ရန်ကုန်-မန္တ လေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၅၄/၀) နှင့် (၅၄/ ၁) ကြားတွင် အောက်တိုဘာ ၂၉ ရက်၊ ညနေ ၃ နာရီခန့်က Toyota Succeed အမျိုးအစား ခဲရောင်ကားတစ်စီးသည် လမ်းလယ်ကျွန်းရှိ Guard-Rail တန်းအား တိုက်မိပြီး ပက်လက်လှန်တိမ်းမှောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား ကူညီကယ်ဆယ်ရေးများ ပြုလုပ်ရန် ဘောနီအမြန်လမ်း မီးသတ်စခန်းနှင့် ဘောနီအမြန်လမ်းရဲစခန်းတို့မှ သွားရောက်ခဲ့သော်လည်း တိမ်းမှောက်နေသည့် ကားကို သာတွေ့ရှိခဲ့ရပြီး ကားပေါ်နှင့် အနီးပတ်ဝန်းကျင်တွင် ယာဉ်မောင်းသူ အပါအဝင် တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ရကြောင်း သိရသည်။

.

အဆိုပါ  တိမ်းမှောက်နေသည့်ကားအား ပြန်လည်တည့်မတ်ပြီး  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats