ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေ

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ဇော်ချောင်းရွာကို စစ်ကောင်စီ၏ ခမရ(၃၆၃)တပ်က ယနေ့ အောက်တိုဘာလ ၄ ရက်၊ နံနက် ၈ နာရီကျော်ခန့်တွင် မီးရှို့ဖျက်စီးနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။
.
မီးလောင် ဆုံးရှုံးမှုကို မသိရသေးဘဲ ဇော်ချောင်းရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် အစောပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာသဖြင့် ဇော်ချောင်းရွာ၊ အလယ်ခုံရွာ၊ သင်တောရွာနှင့် လွင်ကြီးရွာတို့ အပြစ်မဲ့ ပြည်သူ ၇၅၀၀ ကျော်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟုလည်း ဆိုသည်။
.
စစ်ကောင်စီတပ်များသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ဥသျှစ်ကုန်းရွာမှ နေအိမ် ၇ လုံးနှင့် လျှော်ဖြူကုန်းရွာမှ နေအိမ် ၃ လုံးတို့အား စက်တင်ဘာလ ၃၀ ရက်တွင် မီးရှို့ဖျက်စီးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats