.
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်း၌
တော်လှန်ကျောင်းသားလူငယ်များက “ကျောင်းသားလူထု အတူချီတက်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”
စာသား ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.
အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ကျောင်းသားနေ့ကို
အကြောင်းပြု၍ ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားများသပိတ်ကို ယနေ့ အောက်တိုဘာလ ၁၇ ရက်တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆန္ဒပြသပိတ်ကို မုံရွာလူငယ်များအစည်းအရုံး ၊မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂနှင့် မုံရွာတော်လှန်လူငယ်များ ကွန်ရက်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး
တော်လှန်ရေး အောင်မြင်စေရေးအတွက် ကျေးလက်၊ မြို့ပြ၊ မြေပြန့်နှင့် တောင်တန်း အပါအဝင် ကမ်းရိုးတန်းမကျန် ကျောင်းသားထုအားလုံး စုရုံး
စုစည်းစွာဖြင့် ပူးပေါင်းပါဝင်တွန်းလှန် တိုက်ပွဲဝင်ရန်အတွက်လည်း တော်လှန်ကျောင်းသားတွေက တိုက်တွန်းထားသည်။
.