ထီးလင်းမြို့နယ်၌ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု ယောကာကွယ်ရေးတပ်(YDF) ထီးလင်း ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ ပြည်သူနေအိမ်များကို မီးရှို့၍ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို YDF ထီးလင်း၊ YDF တပ်ရင်း (၁၄)၊ KKG တပ်ရင်း (၅)၊ PDF ထီးလင်း တပ်ရင်း ၂ (ခွဲ) (၇)၊ နပတ တပ်ရင်း(၇၀၇ ADF )တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က အနီးကပ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် တပ်စု (၃)စု ခွဲကာ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ရာ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ကျဆုံးခဲ့ပြီး YDF-14 မှ ရဲဘော်တစ်ဦးပျောက်ဆုံးနေဆဲ ဖြစ်ကာ ပူးပေါင်းအဖွဲ့မှ ကျန်ရဲဘော်များ အထိခိုက် ကျဆုံးမှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု YDF ထီးလင်း ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။