မုံရွာ-မန္တလေးလမ်းပိုင်း ယာယီပိတ်ပြီးနောက် စစ်ကောင်စီယာဉ် ၆ စီးအား မိုင်းဆွဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာ-မန္တလေးလမ်းပိုင်း ယာယီပိတ်ပြီးနောက် စစ်ကောင်စီယာဉ် ၆ စီးအား မိုင်းဆွဲတိုက်ခိုက်

.

https://bit.ly/3UTGcyV

.

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းအား ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းမှစတင်၍ ယာယီပိတ် ကြောင်း ကြေညာခဲ့ပြီးနောက် ယင်းနေ့တွင်ပင် စစ်ကောင်စီယာဉ် ၆ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦး တော်လှန်ရေးတပ် (CRA) က ထုတ်ပြန်ထားသည်။

.

.

မုံရွာ-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်  ၆ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များနိုင်ပြီး အရေအတွက် အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ စစ်ဆင်ရေးအား CRA တပ်ခွဲ-၃ (လေပွေမုန်တိုင်းတပ်ခွဲ)၊ CRA တပ်ခွဲ-၂ (CRA 2)CRA အထူးကွန်မန်ဒို တပ်ခွဲ (BLACK WOLF SOLDIERS)၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - CHAUNG U REVOLUTION ARMY (CRA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မုံရွာ - မန္တလေးလမ်းပိုင်းကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နံနက် ၆ နာရီမှ စတင်၍ အရေးပေါ် လိုအပ်ချက်အရ ယာယီပိတ်ထားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

.

[ ရုပ်သံ-CRA ]

.

Journal Download

Photo of three cats