လောက်ကိုင်တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင်တွင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

.

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ် (၂) ရပ်ကွက်တွင် ယနေ့ ‌အောက်တိုဘာလ ၂၉ ရက်၊ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

လောက်ကိုင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ခုတွင် ယနေ့ အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး မီးခိုးမွှန် သေဆုံးခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုအား လောက်ကိုင် ခရိုင်နှင့် မြို့နယ် မီးသတ်စခန်းများ၊ ကိုးကန့်အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကို မသိရသေးဘဲ သေဆုံးသူ အမျိုးသားအလောင်းအား ဂရုဏာဟာဒယ နာရေးကူညီမှုအသင်းမှ လောက်ကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats