မောက်မယ်မြို့တွင် နေအိမ် တစ်လုံး မီးလောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့တွင် နေအိမ် တစ်လုံး မီးလောင်



မောက်မယ်မြို့၊ စျေးတန်းရပ်ကွက်၌ ယနေ့ အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၁ နာရီကျော်ခန့်တွင် လူနေအိမ်တစ်လုံး မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

နေအိမ် မီးဖိုဆောင်ရှိ ရေခဲသတ္တာ အပူလွန်ကဲရာမှ မီးကူးစက်ကာ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုအား ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်း ငြှိမ်းသတ်‌ပေးခဲ့‌သဖြင့် တစ်နာရီခန့် အကြာတွင် မီးငြိမ်းခဲ့သည်ဟု သိရသည်။

.

အဆိုပါ မီးလောင်မှုကြောင့် နေအိမ် မီးလောင် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

Journal Download

Photo of three cats